ကောင်းမလေး ရဲ့ နှလုံးသားကိုပိုင်စိုးထား ချစ်ရတဲ့မောင်ကို "မျော်လင့်ချက်တွေနဲ့ချစ်ခဲ့တာမဟုတ်ရပါဘူး ချစ်တာကို မလွန်ဆန်နှိင်ခဲ့လို့ ရိုးရိုးလေးနဲ့ ဖြူစင်စွာချစ်ခဲ့တာပါ" မောင် နဲ့ ကောင်မလေး ကြားမှ နားလည်မှု နဲ့ ယုံကြည့်မှုတွေ အမှားအယွင်းတွေမရှိခဲ့ပါဘူး... မောင် က ပညာတက် ၊ သူဋ္ဌေးသား ဆိုတော့ မောင်မီဘ တွေ နဲ့ ပတ်ဝန်းကျင်က ပြောကြပြီ... ပညာမတက် ၊ ပစ္စည်းမရှိ ၊ ရုပ်ကလေး ဘန်းပြပြီး ဖအေ က မျိုးရိုးမကောင်းလို့ သဘောမတူဘူးတဲ့လေ..... ဟုတ်ပါတယ်....ကောင်မလေး ကြိုတွက်ပြီသားဖြစ်နေလို့ ဘယ်လို့ငြင်းကွယ်မရဘူးလေ.... ကောင်မလေး ဖခင် က အိမ်ထောင်ရေးဖောက်ပြန်တယ်လေ... ပြီးတော့ ပတ်ဝန်းကျင်ကပြောသေးတယ်... " နင် က ဖအေ တူ သမီးတဲ့.... ဖအေ အချိုးအတိုင်းလာမှတဲ့" ခါးသီးလိုက်တာ...ဖခင် ရဲ့ ဆိုးဝါးတဲ့အရိပ်မဲကြီးက ကောင်မလေး ရဲ့ နောက်ကလိုက်နေရဲ့... ကောင်မလေး ဆုံးဖြတ်ချက်က ဘ၀ ကို ရိုးရိုးသားသား ဖြတ်သန်းချင်တယ်လေ. .. ကောင်မလေး က ပညာရေး တပိုင်းတစ နဲ့ ဆိုပေမယ့် စက်ချုပ်ပညာလေး သင်ယူပြီး ဘ၀ အစိတ်အပိုင်းတွေ အေချမ်းစွာနေထိုင်ချင်တာပါ....ဒါကြောင့် ဖေဖေ ကို တောင်းပန်ဘူးခဲ့ဘူးတယ်လေ... " ဖေဖေ ခုလိုလုပ်နေတာ သမီး တို့ကို မငဲ့ညာဘူးလား..ဟင်... သမီး တို့ ဘ၀ကို မသနားတော့ဘူးလား... ဖေဖေ အရမ်းချစ်ရပါတယ်ဆိုတော့ မေမေ ကိုရော တချက်လောက် ငဲ့ညာပါအုံး...ဖေဖေ " ...... ဖေဖေ ပြန်ပြောတာက မိုးကြိုးပစ်လိုက်သည့်အလား " ငါ ဘယ်သူကို မှ ဂရုမစိုက်ဘူး နင်တို့တွေ လုပ်ချင်တာလုပ်" .... ဖေဖေ ကို အရမ်းချစ်တဲ့ မေမေ လဲ ရင်ကွဲနာကျခဲ့ပေမယ့် ခွင့်လွတ်စွာ ဒီအတိုင်းလေးဘဲနေထိုင်ခဲ့ပါတယ်... ကောင်မလေး ရှောင်လွဲလို့ မရတဲ့ ဒီပတ်ဝန်းကျင် ထဲမှဘဲ ရှင်သန်နေခဲ့ရတယ်.. သတိရတဲ့အခါတိုင်း အလုပ်လုပ်တဲ့ ကောင်မလေး အိမ်ကိုဖုန်းဆက်တိုင်း " သမီး နေကောင်းတယ်မလား ပိုက်ဆံပို့လိုက်ပါ..ဒီမှ နေမကောင်းကျဘူး အဆင်လည်းမပြေဘူး" ကောင်းမလေး လိုအပ်ချက်မရှိဖြည့်ဆည်းပေးပါတယ် ...ဒါပေမယ့် တောင်းဆိုချင်တာက "သမီးတို့ မီသားစုလေး အရင်လို ပျော်ရွှင်မှုလေးတွေ ပြန်ပေးပါလား...ဖေဖေ " ... ကောင်မလေး တပြည်ခြားကို အလုပ်သွားလုပ်မယ်ဆိုတော့လည်း သွား တဲ့ ပိုက်ဆံတော့ မုန်မုန် ပို့တဲ့....... ကောင်မလေး ရဲ့ ကံကဆိုးချင်တော့ ...သူများယောကျာင်္းခိုးပြေးသွားတယ်လို့..ကောင်မလေး ရဲ့ မွေးရပ်မြေ က ရပ်ဆွေရပ်မျိုးတွေကပြောဆိုကြတယ်.... ဘုရားဘုရား..ကောင်မလေးရဲ့ကမ္ဘာကြီးသွပ်သွပ်ခါသွားတယ်... ဘယ်ဘ၀ က ၀ဋ်ကြေးတွေလဲကွယ်...ကောင်မလေး က နိင်ငံခြားမှ အစာဆင်းရဲ ခံပြီး ပိုက်ဆံစုဆောင်း ရင်း အရာအာလုံး ကို မေ့နိင်ဖို့ကြိုးစား ခဲ့ပေမယ့်.. မပြောင်းလဲနိင် အတိတ် ရဲ့ ကောင်းမလေး ဖေဖေ ရဲ့အရိပ်ဆိုးကို ခံစားနေရတာ ခုချိန်ထိပါလားဆိုတာ ကောင်မလေး ကောင်းကောင်း သိလိုက်ရပါပြီ...ဒီအချိန်မှာ... ဖေဖေ ရယ် ကောင်မလေး လေးစားချစ်ခင်ရတဲ့ အဖေ လည်း မဖြစ်နိင်တော့ဘူးပေါ့..ကောင်းကင် နဲ့ မြေကြီး ခြားထဲမှ မျော်လင့်ချက် နဲ့ အသက်ရှင်နေကြတဲ့ လူတွေထဲ မှ ကောင်မလေး ရဲ့ မျော်လင့်ချက်တွေကို သွေးကင်ဆာ လို ဆင်တူတဲ့ ရောဂါ လက္ခဏာက ရိုက်ချိုးနေတယ်..ကောင်မလေး ရဲ့ ဖေဖေ ကတော့ "ဟေ....ဟုတ်လား ၊ ဂရုစိုက်ပေါ့ ၊ သံသာရာဝဋ်ကြွေး ပါလို့ပေးဆပ်လိုက်ပါတဲ့" ဒီစာသား လေးနဲ့ နတ်ဆက်လိုက်ပါတယ် ဖေဖေ....... နေကောင်းအောင်နေထိုင်ပါလို့
ကောင်မလေး .
....ချစ်စနိး...

No comments:
Post a Comment